အာဆင်နယ် Vs မန်ယူ (ပွဲကြိုသုံးသပ်ချက်)
ZawGyi
..............
UniCode
................
အစဉ်အလာကြီးမားတဲ့ ပြိုင်ဘက်နှစ်သင်းဖြစ်တာနဲ့ အညီပြိုင်ဆိုင်မှု ပြင်းထန်ဖို့ကတော့ ပြောစရာ မလိုလောက်အောင်ပါပဲ ။
အဓိကအနေနဲ့စပြော ရရင် မှတ်တမ်းမှတ်ရာတွေအရ ဒီနှစ်သင်းဟာ Premier League မှာ အကြိမ်၅၀အထိတွေ့ဆုံထား ရာ Arsenal အသင်းက ၁၃ကြိမ်နိုင် ၁၅ကြိမ်သရေရလဒ်ထွက်ပေါ်ထားပီး Manchester United ကတော့ ၂၂ကြိမ်အထိ အနိုင်ရလဒ် ကိုရယူထားတာ ဖြစ်တဲ့အတွက် United ကတော့ ရလဒ်ပိုင်း အသာစီးရထား ပါတယ် သို့ပေမဲ့ Arsenal အသင်းရဲ့ အိမ်ကွင်းမှာ နောက်ဆုံး ၂နှစ်ဆက်တိုက် ရှုံးနိမ့်ထားတာ က လည်း ထည့်တွက်စရာ ပါပဲ။
ဘယ်လိုရလဒ်မျိုးထွက်ပေါ်လာမလဲ ဆိုတာ ကတော့ မိနစ်၉၀ ကို ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်အဖြေရှာရမှာ ပါ။
Arsenal အသင်းက တော့ ယခုနောက် ပိုင်း မှာ ကစားသမားတွေ ပိုမို အချိတ်အဆက် မိလာ ပီး ပုံစံ ကောင်း တွေ ပြသ နေပေမဲ့ အမှားလေးတွေတော့ရှိနေပါသေးတယ် 3-4-3 ကစားကွက်နဲ့ပွဲထွက်လာပီး Sanchez-Ozil-Lacazette အတွဲ နဲ့ တိုက်စစ်ဆင်လာ နိုင် ပါတယ်
United အသင်းကတော့ ယခုရာသီ မှာ မြို့ခံပြိုင်ဘက် ManCity အသင်းနဲ့အတူ ချန်ပီယံပြေးလမ်းမှာ အပြိုင်ပြေးဖို့ကြိုးစား နေတဲ့ အသင်းပီပီ အဝေးကွင်းမှာ ရုန်းကန်သွားဖွယ်ရှိနေပါတယ်။ ဒဏ်ရာရကစားသမားတွေလည်း အကောင်းမွန်ဆုံးပုံစံ မှာ ပြန်ရောက်နေတဲ့အတွက် အနိုင်ရလဒ်မလွယ်ကူရင်တောင် သရေရလဒ်အတွက်ဦးတည်လာနိုင်ပါတယ်။ 3-4-2-1 ကစားကွက်နဲ့ ပွဲထွက်လာပီး Lukaku တိုက်စစ်ကိုဦးဆောင်လာပီး Rashford နဲ့ Martial နောက်ချန်တွဲဖက်လာနိုင် ပါတယ်။
ကဲဗျာ ဘယ်လိုပဲ ဖြစ်ဖြစ် ကျုပ်တို့ အာဆင်နယ်
မန်ယူ ကို နိုင်ကို နိုင်ရမယ်။
ကဲ ကျုပ်တို့ အာကြီးကို အားလုံး အားပေးလိုက်ကြရအောင်။

Comments
Post a Comment