မန်ယူနှင့်ပွဲတွင်လာကာဇက်လွဲမည်ဟုဝင်းဂါးပြော
Zawgyi
..............
Unicode
.................
ဟတ်ဒါဖီးလ်ကို ၅-၀ ဂိုးဖြင့် အနိုင်ရခဲ့သော ပွဲတွင် ပြင် သစ်တိုက်စစ်မှူး လာကာဇက် ပေါင်ခြံဒဏ်ရာရရှိသဖြင့် စနေ နေ့၌ အမ်းမရိတ်ကွင်းတွင် ယှဉ် ပြိုင်ရမည့် မန်ယူနှင့်ပွဲကို လွဲချော် မည်ဟု အာဆင်နယ်နည်းပြ အာ စင်ဝင်းဂါးကပြောကြားသည်။
လာကာဇက်သည် ယင်းပွဲ တွင် ၎င်း၏ ယခုရာသီခုနစ်ဂိုး မြောက် ပရီးမီးယားလိဂ်ဂိုးကို သွင်းယူခဲ့ပြီး ဂျီရော့ဒ်နှင့် အစား ထိုးခံရသည်။
‘‘လာကာဇက်မှာ ပေါင်ခြံ ပြဿနာရှိပါတယ်။ စနေနေ့ပွဲကို လွဲမှာ အသေအချာပါပဲ’’ဟု အာ စင်ဝင်းဂါးကပြောသည်။
အသင်းမှထွက်ခွာမည်ဟု သတင်းကြီးနေသော အိုဇေးလ် နှင့် ပတ်သက်၍ ဝင်းဂါးက ‘‘သူရဲ့ ဘက်ထရီတွေ ပြန်အားဖြည့်ပြီးပါ ပြီ။ သူဟာ ဒီညမှာ အရမ်းကောင်း တဲ့ စွမ်းဆောင်ရည်ကိုပြသခဲ့ပါ တယ်’’ဟု ချီးကျူးပြောကြားသည်။
Comments
Post a Comment