မေန့ကပြဲမွာကစားသမားေတြကိုအျပစ္ ေျပာစရာမ႐ွိဘူးဆိုတဲ့ ဝင္းဂါး

ZawGyi
.............
အာဆင္နယ္ နည္းျပႀကီး အာဆင္၀င္းဂါး က ယမန္ေန႔ညက မန္ခ်က္စတာ ယူႏုိက္တက္ အသင္းကို ရွဳံးနိမ့္ ခဲ့တဲ့ ပြဲစဥ္ မွာ အာဆင္နယ္ အသင္းရဲ႕ ကစားပံု အထူးေကာင္းမြန္ခဲ့ၿပီး ရလဒ္တစ္ခုတည္းအတြက္ နဲ႔ သူ႔ရဲ႕ ကစား သမားေတြကို အျပစ္ေျပာဖုိ႔ မထုိက္တန္ပါဘူးလို႔ ေျပာဆိုသြားခဲ့ပါတယ္ ။
အာဆင္နယ္ ဟာ ယမန္ေန႔ညက အိမ္ကြင္းမွာ မန္ခ်က္စတာ ယူႏုိက္တက္ ကို အေရးနိမ့္ခဲ့ၿပီး ယခုရာသီ အိမ္ကြင္း ရွဳံးပြဲ မရွိမွတ္တမ္းက်ဳိးပ်က္သြားခဲ့၇ပါတယ္ ။ အာဆင္နယ္ ဟာ ယူႏုိ္က္တက္ ဘက္ကို ဖိကစားႏုိင္ ခဲ့ၿပီး ဂိုးေပါက္ကန္သြင္းမႈ အႀကိမ္မ်ားစြာ ရရွိခဲ့ေပမယ့္ ယူႏုိက္တက္ ဂိုးသမား ဒိဂီယာ ရဲ႕ လက္စြမ္းျပကာကြယ္ မႈေတြေၾကာင့္ လံုေလာက္တဲ့ ေျခပဂိုးကို မသြင္းယူႏုိင္ခဲ့ဘဲ ၁-၃ ျဖင့္ အေရးနိမ့္ခဲ့ရတာျဖစ္ပါတယ္ ။

နည္းျပႀကီး အာဆင္း က ေတာ့ ပြဲအၿပီးမွာ သူ႔ရဲ႕ အသင္းသားေတြအေပၚ အျပစ္တင္ဖုိ႔ျငင္းဆန္သြားခဲ့ ပါတယ္။
“ဒီပြဲ က ကစားပံုက သိပ္ေကာင္းပါတယ္  ။ ဒါေပမယ့္ အဆံုးသတ္မွေတာ့ မလံုေလာက္ခဲ့ပါဘူး ။ ေနာက္တန္း ခံစစ္ ပိုင္းမွာ ကြ်န္ေတာ္တုိ႔ အစမေကင္းခဲ့ဘဲ ဒါေတြက ကြ်န္ေတာ္တို႔ကို ခက္ခဲတဲ့ ပြဲတစ္ပြဲကိုျဖစ္သြားေစခဲ့တာ ပါ ။ ဒါကလြဲရင္ ေျခပဂိုးျပန္သြင္းဖုိ႔ အားထုတ္တာေတြ ကိုျပန္ၾကည့္ုလိုက္ပါ ။ ဂိုးကန္သြင္းခြင့္ ၃၃ ႀကိမ္ေတာင္ ရခဲ့ၿပီး အသင္းႀကိး အခ်င္းခ်င္းေတြ႕တဲ့ ပြဲေတြမွာ ဒါမ်ဳိးက သိပ္ကို ရွားပါတယ္ ။ ဒါဟာ ပြဲကို ကြ်န္ေတာ္တုိ႔ ဘယ္ေလာက္အထိ လႊမ္းမိုးထားနုိင္ခဲ့သလဲဆိုတာ ကို ျပသခဲ့တာပါ ။ စိတ္ပ်က္ဖု႔ိ ေကာင္းခဲ့တာက ၂-၁ ျဖစ္ေန ၿပီး ကြ်န္ေတာ္တို႔ ဖိကစားေနခ်ိန္မွာ ေနာက္ထပ္ ေနာက္တန္းအမွားတစ္ခု ကေန တတိယဂိုးေပးလုိက္ရတာပါပဲ ။ အဲ့ေနာက္မွာေတာ့ ပြဲက ပိုၿပီး ခက္ခဲသြားခဲ့ပါပီ” လို႔ နည္းျပႀကီးက ေျပာဆုိသြားခဲ့ပါတယ္ ။
ပြဲကို ကိုင္တြယ္သြားခဲ့တဲ့ ကြင္းလယ္ဒိုင္ မာရီနာ နဲ႔ ပတ္သက္လုိ႔လည္း “ကြင္းထဲက အျဖစ္အပ်က္ အားလံုးကို ေတာ့ ကြ်န္ေတာ္ အေသးစိတ္ မသိပါဘူး ။ ကြ်န္ေတာ္ ေျပာႏုိင္တာက ၿပီးခဲ့တဲ့ ေသာၾကာေန႔ညက နာပိုလီ – ဂ်ဳဗင္တပ္ ပြဲကို ၾကည့္ျဖစ္တယ္ဆုိတာပါပဲ ။ ဒီပြဲကို ကိုင္သြားတဲ့ ဒိုင္ က တကယ့္ ထိပ္တန္းအဆင့္ ဒိုင္လူႀကီးေတြပါ” လုိ႔ ဆုိသြားခဲ့ပါတယ္ ။
အာဆင္နယ္ အသင္းဟာ ယမန္ေန႔ညက အရွဳံးရလဒ္ေၾကာင့္ အဆင့္ ၅ ေနရာကို က်သြားခဲ့ရပါတယ္ ။ လာမယ့္ ၾကာသပေတးေန႔မွာေတာ့ ယူရိုပါလိဂ္ အုပ္စုေနာက္ဆံုးပြဲစဥ္ ကို အာဆင္နယ္တို႔ ယွဥ္ၿပဳိင္ ကစား ရမွာျဖစ္ပါတယ္ ။

Unicode
...............
အာဆင်နယ် နည်းပြကြီး အာဆင်၀င်းဂါး က ယမန်နေ့ညက မန်ချက်စတာ ယူနိုက်တက် အသင်းကို ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ် မှာ အာဆင်နယ် အသင်းရဲ့ ကစားပုံ အထူးကောင်းမွန်ခဲ့ပြီး ရလဒ်တစ်ခုတည်းအတွက် နဲ့ သူ့ရဲ့ ကစား သမားတွေကို အပြစ်ပြောဖို့ မထိုက်တန်ပါဘူးလို့ ပြောဆိုသွားခဲ့ပါတယ် ။
အာဆင်နယ် ဟာ ယမန်နေ့ညက အိမ်ကွင်းမှာ မန်ချက်စတာ ယူနိုက်တက် ကို အရေးနိမ့်ခဲ့ပြီး ယခုရာသီ အိမ်ကွင်း ရှုံးပွဲ မရှိမှတ်တမ်းကျိုးပျက်သွားခဲ့၇ပါတယ် ။ အာဆင်နယ် ဟာ ယူနို်က်တက် ဘက်ကို ဖိကစားနိုင် ခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု အကြိမ်များစွာ ရရှိခဲ့ပေမယ့် ယူနိုက်တက် ဂိုးသမား ဒိဂီယာ ရဲ့ လက်စွမ်းပြကာကွယ် မှုတွေကြောင့် လုံလောက်တဲ့ ခြေပဂိုးကို မသွင်းယူနိုင်ခဲ့ဘဲ ၁-၃ ဖြင့် အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ် ။

နည်းပြကြီး အာဆင်း က တော့ ပွဲအပြီးမှာ သူ့ရဲ့ အသင်းသားတွေအပေါ် အပြစ်တင်ဖို့ငြင်းဆန်သွားခဲ့ ပါတယ်။
“ဒီပွဲ က ကစားပုံက သိပ်ကောင်းပါတယ်  ။ ဒါပေမယ့် အဆုံးသတ်မှတော့ မလုံလောက်ခဲ့ပါဘူး ။ နောက်တန်း ခံစစ် ပိုင်းမှာ ကျွန်တော်တို့ အစမကေင်းခဲ့ဘဲ ဒါတွေက ကျွန်တော်တို့ကို ခက်ခဲတဲ့ ပွဲတစ်ပွဲကိုဖြစ်သွားစေခဲ့တာ ပါ ။ ဒါကလွဲရင် ခြေပဂိုးပြန်သွင်းဖို့ အားထုတ်တာတွေ ကိုပြန်ကြည့်ုလိုက်ပါ ။ ဂိုးကန်သွင်းခွင့် ၃၃ ကြိမ်တောင် ရခဲ့ပြီး အသင်းကြိး အချင်းချင်းတွေ့တဲ့ ပွဲတွေမှာ ဒါမျိုးက သိပ်ကို ရှားပါတယ် ။ ဒါဟာ ပွဲကို ကျွန်တော်တို့ ဘယ်လောက်အထိ လွှမ်းမိုးထားနိုင်ခဲ့သလဲဆိုတာ ကို ပြသခဲ့တာပါ ။ စိတ်ပျက်ဖု့ိ ကောင်းခဲ့တာက ၂-၁ ဖြစ်နေ ပြီး ကျွန်တော်တို့ ဖိကစားနေချိန်မှာ နောက်ထပ် နောက်တန်းအမှားတစ်ခု ကနေ တတိယဂိုးပေးလိုက်ရတာပါပဲ ။ အဲ့နောက်မှာတော့ ပွဲက ပိုပြီး ခက်ခဲသွားခဲ့ပါပီ” လို့ နည်းပြကြီးက ပြောဆိုသွားခဲ့ပါတယ် ။
ပွဲကို ကိုင်တွယ်သွားခဲ့တဲ့ ကွင်းလယ်ဒိုင် မာရီနာ နဲ့ ပတ်သက်လို့လည်း “ကွင်းထဲက အဖြစ်အပျက် အားလုံးကို တော့ ကျွန်တော် အသေးစိတ် မသိပါဘူး ။ ကျွန်တော် ပြောနိုင်တာက ပြီးခဲ့တဲ့ သောကြာနေ့ညက နာပိုလီ – ဂျုဗင်တပ် ပွဲကို ကြည့်ဖြစ်တယ်ဆိုတာပါပဲ ။ ဒီပွဲကို ကိုင်သွားတဲ့ ဒိုင် က တကယ့် ထိပ်တန်းအဆင့် ဒိုင်လူကြီးတွေပါ” လို့ ဆိုသွားခဲ့ပါတယ် ။
အာဆင်နယ် အသင်းဟာ ယမန်နေ့ညက အရှုံးရလဒ်ကြောင့် အဆင့် ၅ နေရာကို ကျသွားခဲ့ရပါတယ် ။ လာမယ့် ကြာသပတေးနေ့မှာတော့ ယူရိုပါလိဂ် အုပ်စုနောက်ဆုံးပွဲစဉ် ကို အာဆင်နယ်တို့ ယှဉ်ပြိုင် ကစား ရမှာဖြစ်ပါတယ် ။

Comments

Popular posts from this blog

အာဆင္နယ္ Vs မန္ယူ (ပြဲႀကိဳသံုးသပ္ခ်က္)

အာစင္ဝင္းဂါးရဲ႕ ကစားသမားဘဝျဖတ္ေက်ာ္မႈ