မနေ့ကပွဲမှာကစားသမားတွေကိုအပြစ် ပြောစရာမရှိဘူးဆိုတဲ့ ဝင်းဂါး

ZawGyi ............. အာဆင်နယ် နည်းပြကြီး အာဆင်ဝင်းဂါး က ယမန်နေ့ညက မန်ချက်စတာ ယူနိုက်တက် အသင်းကို ရှုံးနိမ့် ခဲ့တဲ့ ပွဲစဉ် မှာ အာဆင်နယ် အသင်းရဲ့ ကစားပုံ အထူးကောင်းမွန်ခဲ့ပြီး ရလဒ်တစ်ခုတည်းအတွက် နဲ့ သူ့ရဲ့ ကစား သမားတွေကို အပြစ်ပြောဖို့ မထိုက်တန်ပါဘူးလို့ ပြောဆိုသွားခဲ့ပါတယ် ။ အာဆင်နယ် ဟာ ယမန်နေ့ညက အိမ်ကွင်းမှာ မန်ချက်စတာ ယူနိုက်တက် ကို အရေးနိမ့်ခဲ့ပြီး ယခုရာသီ အိမ်ကွင်း ရှုံးပွဲ မရှိမှတ်တမ်းကျိုးပျက်သွားခဲ့၇ပါတယ် ။ အာဆင်နယ် ဟာ ယူနိုက်တက် ဘက်ကို ဖိကစားနိုင် ခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု အကြိမ်များစွာ ရရှိခဲ့ပေမယ့် ယူနိုက်တက် ဂိုးသမား ဒိဂီယာ ရဲ့ လက်စွမ်းပြကာကွယ် မှုတွေကြောင့် လုံလောက်တဲ့ ခြေပဂိုးကို မသွင်းယူနိုင်ခဲ့ဘဲ ၁-၃ ဖြင့် အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ် ။ နည်းပြကြီး အာဆင်း က တော့ ပွဲအပြီးမှာ သူ့ရဲ့ အသင်းသားတွေအပေါ် အပြစ်တင်ဖို့ငြင်းဆန်သွားခဲ့ ပါတယ်။ “ဒီပွဲ က ကစားပုံက သိပ်ကောင်းပါတယ် ။ ဒါပေမယ့် အဆုံးသတ်မှတော့ မလုံလောက်ခဲ့ပါဘူး ။ နောက်တန်း ခံစစ် ပိုင်းမှာ ကျွန်တော်တို့ အစမကေင်းခဲ့ဘဲ ဒါတွေက ကျွန်တော်တို့ကို ခက်ခဲတဲ့ ပွဲတစ်ပွဲကိုဖြစ်သွားစေခဲ့တာ ပါ ။ ဒါကလွဲရင် ခြေပဂိုးပြန်သွင်းဖို့ အား...